လှိုင်းဘွဲ ၉ ဒီဇင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် ပိုင်ကျုံမြို့နယ်ခွဲ ​လော်​ကော်ကျေးရွာအုပ်စု ​​​လော်​ကော်ကျေးရွာ ရွာတွင်းဂဝံ​မြေသားလမ်းခင်းခြင်း လုပ်ငန်းကို ​ဒီဇင်ဘာလ ပထမအပတ်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂဝံ​မြေသားလမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ​ ထောက်ပံ့​ငွေကျပ် ၂၅၆၀၀၀၀၀ ဖြင့် အ​ကောင်အထည်ဖော်​ ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည်ပေ ၆၄၀၀ x အကျယ် ၁၈ပေ x ထု ၁​ပေ) လုပ်ငန်းအား လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံ​ပေးအဖွဲ့တို့၏ စနစ် တကျလမ်းညွန်မှု၊ လက်​ထောက်နည်းပညာမှူး ဦးကျော်စွာဝင်း၊ လူထုစည်းရုံး​ရေးမှူး​​​​​ စောဝင်းမင်း​အောင် တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ပြည်သူလူထုတို့၏ ပူး​ပေါင်းပါဝင်မှုတို့ဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့​ကြောင်း၊ လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးပါက ​လော်​ကော်ကျေးရွာမှ အိမ်​ထောင်စု (၂၅၀) လူဦးရေ (၁၆၂၆)ဦးတို့၏ စီးပွား​ရေး၊ ကျန်းမာ​ရေး၊ ပညာ​ရေး၊ လူမှု​ရေး လုပ်ငန်းများအတွက် အဆင်​ပြေ​ချော​မွေ့စွာ သွား/လာနိုင်မည်ဖြစ်​ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)