လှိုင်းဘွဲ ၁၂ ဇူလိုင်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ဒေသတွင်း နေထိုင်သော ပြည်သူများ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကလိုရင်းဆေးရည်(ပိုးသတ်ဆေး)များ ပက်ဖျန်းခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသအတွင်း၌ လိုက်လံပက်ဖျန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပိုးသတ်ဆေး လိုက်လံပက်ဖျန်းရာတွင် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူမှုကယ်ဆယ်ရေးအသင်းနှင့်တာဝန်ရှိသူများက မြိုင်ကြီးငူအထူးဒေသအတွင်း မြိုင်ကြီးငူဈေး၊ ဈေးဆိုင်များ၊ ဘုန်းကြီးကျောင်းများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ကန့်သတ်ခံရထားသည့် လမ်းများ၊ တိုက်နယ်ဆေးရုံ၊ Quaratine Centre များ၊ အများသွားလာသည့် နေရာများအား ကလိုရင်း ဆေးရည်(ပိုးသတ်ဆေး)များ လိုက်လံ ပက်ဖျန်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


