လှိုင်းဘွဲ၊ ၂၄ မေ  

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများအား မေ ၂၄ ရက် နံနက်ပိုင်းက ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

လှိုင်းဘွဲမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပုံမှန်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာများကို တစ်ရက်တည်းသာ စုပြုံထုတ်ပေးခြင်းမဟုတ်ဘဲ ဖေဖော်ဝါရီ ၂၁ ရက် နောက်ပိုင်း ဘဏ်ဖွင့်သည့် ရက်များတွင်လည်း ထုတ်ပေးသွားမည်ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်း ၈၀၀ ခန့်ရှိကြောင်း၊ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မန်နေဂျာ ဒေါ်လှလှအေးထံမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)