လှိုင်းဘွဲ အောက်တိုဘာ ၂၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက်ပိုင်းက ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ကူးစက်ပျံ့နှံမှု မရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွန်ချက်နှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ပင်စင်လစာများကို ထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် အဆင်ပြေစေရန်အတွက် တစ်ရက်တည်းသာ ထုတ်ပေးထားခြင်းမဟုတ်ဘဲ အောက်တိုဘာ ၂၁ ရက် နောက်ပိုင်း ဘဏ်ဖွင့်သည့် ရက်များတွင်လည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


