လှိုင်းဘွဲ   ဇန်နဝါရီ    ၂၈

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေချ (လှိုင်းဘွဲ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်မိသားစုဝင်များက ရဟန်း သံဃာများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက

မရမ်းအူကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ ဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ (လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ/စစ်သည်မိသားစုများက မရမ်းအူကွင်း ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး  ရဟန်း သံဃာများ ဆွမ်းအခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်၊ ဆီ၊ ခြံထွက် ဟင်းသီးဟင်းရွက်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

စောဒိ(ပြန်/ဆက်)