လှိုင်းဘွဲ ဇူလိုင် ၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသနေ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး အသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ဇူလိုင် ၈ ရက်က ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေးဌာန ဆရာမများက ကိုယ်ဝန်ဆောင်မိခင် များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ မိမိကြိုက်နှစ်သက်ရာ အစားအစာများကို ရွေးချယ် စားသုံးခြင်းမပြုဘဲ အစာအာဟာရရရှိစေမည့် အစားအစာများကို မျှတပြည့်ဝစွာစားသုံးရန်၊ ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများထိုးပေးခြင်း၊ သံချဆေး တိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ရာဇဝင်မေးခြင်း၊ HIV/AIDS ရောဂါ စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


