လှိုင်းဘွဲ ၁၀ နိုဝင်ဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် ရတနာလယ်ယာဝန်ဆောင် သမဝါယမ အသင်းတို့သည် အသင်းပိုင်၊ အသင်းသားပိုင် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ဝင်းစိန်ကျေးရွာ၊ ကဒီကန်ကျေးရွာ၊ ထီလုံကျေးရွာ၊ ထုံးအိုင်ကျေးရွာ၊ နောင်သငဲ့ကျေးရွာနှင့် ကျောက်တောင်ထန်းတော ကျေးရွာများရှိ စုစုပေါင်း (၃၄၅)ဧကကို ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။
ထို့ပြင် ရိတ်သိမ်းပြီးစီးသည့် လယ်ယာမြေများတွင် အသင်းပိုင်၊ အသင်းသားပိုင် လယ်ထွန်စက်(၅)စီးဖြင့် ဧကပေါင်း (၈၅၀)ကို ထွန်ယက်သွားရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလင်းခိုင်ထံမှ သိရသည်။
သမဝါယမဦးစီးဌာန


