လှိုင်းဘွဲ၊   ၁၁    ဒီဇင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အင်းနို့သိပ္ပံကျေးရွာအုပ်စု၊ ထော်ရွဲကမ်းနားကျေးရွာ ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၈ ရက်နေ့က စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေ (၂၀၂၅၀ဝ၀ဝ)ကျပ်ဖြင့် လမ်း(အရှည် ၁၄၀ဝ ပေ x အကျယ် ၁၂ ပေ x အထူ ၆ လက်မ)လမ်းခင်းခြင်း လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက် နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး နန်းစန်းစန်းမြင့်တို့က အနီးကပ် ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းနှင့် မြို့နယ်နည်းပညာ       အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး ထောရွဲ ကမ်းနားကျေးရွာမှ အိမ်ထောင်စု (၇၀)စု၊ လူဦးရေ (၄၂၅)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက် သွား/လာရေးလွယ်ကူချောမွေ့ အဆင်ပြေ လာမည်ဖြစ်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)