လှိုင်းဘွဲ ၃၁ မေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ ပြန်လည်ဝင်ရောက်လာသော လှိုင်းဘွဲမြို့နယ် ဒေသခံ(၇၂)ဦးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ကျန်းမာရေး အသိပညာပေးခဲ့သည်။
အဆိုပါဒေသခံ(၇၂)ဦးသည် ယမန်နေ့က ပြန်လည်ရောက်ရှိပြီး လှိုင်းဘွဲမြို့ အထက(ခွဲ)ကျောင်းတွင် ကျန်းမာရေး စစ်ဆေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် နေရပ်အသီးသီးရှိ Quaratine Centre တွင် (၂၁)နေထိုင်ကြရန် ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


