လှိုင်းဘွဲ ၊ ၃ ဒီဇင်ဘာ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ထန်းတပင်ကျေးရွာ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်း (အလျား ပေ ၇၀ X အနံ ပေ ၃၀ X အမြင့် ၁၂ ပေ) လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေကျပ် (၂၃၅၀၀၀၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၅၀၀၀၀၀)တို့ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းဆောင်ကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြီးစီးပါက ထန်းတပင်ကျေးရွာ၊ ယာခိဘောင်ကျေးရွာ၊ ကော့ထရောင်းကျေးရွာ၊ ထီဖိုးခီကျေးရွာ၊ ယာတလကျေးရွာတို အလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် စနစ်တကျ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


