လှိုင်းဘွဲ ၂၄ ဇူလိုင်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ လျှပ်စစ်မီးမရရှိသော ဝေးလံခေါင်ဖျား ကျေးရွာများရှိ အိမ်ထောင်စုများထံ အိမ်သုံးဆိုလာများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အိမ်သုံးဆိုလာများ ထောက်ပံ့ရာတွင် လှိုင်းဘွဲမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုတက် ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များက ဝါးမီးကုလားကျေးရွာတွင် (၉၇)စုံ၊ သမိုကျေးရွာတွင် (၉၅)စုံ၊ ထီဖိုးခီးကျေးရွာတွင် (၆၃)စုံ၊ ရွာသာအေးကျေးရွာတွင် (၃၃)စုံ၊ အမကဝင်းစောကျောင်းတွင် (၂)စုံ၊ ကနိုးထ(အမက)ကျောင်းတွင် (၂)စုံ၊ ကျော်ကေးထ မူလွန်ကျောင်းတွင် (၂)စုံ တာလယ်(အလက)ကျောင်းတွင် (၂)စုံ၊ တာလယ်တိုက်နယ်ဆေးရုံတွင် (၂)စုံ၊ ကြက်တူရွေး (အလက)ခွဲကျောင်းတွင် (၂)စုံ စုစုပေါင်း အိမ်သုံးဆိုလာ (၃၀၀)စုံအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်သုံးဆိုလာများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၈၉၇ သိန်းဖြင့် ထောက်ပံ့ခြင်းဖြစ်ပြီး ဝေးလံခေါင်ဖျား ကျေးရွာဒေသရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုပညာလုပ်ငန်းများ ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


