လှိုင်းဘွဲ   ၅  မေ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ယာယီပျံကျဈေးအတွင်း ဈေးရောင်းချနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် FACE SHIELD နှင့် MASK များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

 

072

 

ထိုသို့ သွားရောက်လှူဒါန်းရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောချစ်ဦးနှင့် ဒေါ်နန်းမိုးမိုးထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက် (၇) နာရီအချိန်တွင် လှိုင်းဘွဲမြို့ယာယီပျံကျဈေးရှိ ဈေးရောင်းချ နေသူများကို FACE SHIELD နှင့် MASK (၂၀ဝ)အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ ယာယီပျံကျဈေးကို နေ့စဉ်နံနက်(၅)နာရီမှ (၁၀) နာရီအချိန်အထိ ဈေးရောင်းချပေးလျက်ရှိပြီး ဈေးရောင်းချနေသည့် ဈေးသည်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ရောင်းချခွင့်ပြုကြောင်းနှင့် ဈေးဝယ်လာသည့် ပြည်သူများကိုလည်း နှာခေါင်းစည်း တပ်ဆင်ပြီးမှ ဈေးဝယ်ခွင့်ပြုပါကြောင်း သိရသည်။

 

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

202005