လှိုင်းဘွဲ၊ ၇ ဇွန်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေး အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန်နှင့် သောက်သုံးရေ အလွယ်တကူရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ကုန်ထုတ်လမ်း/တံတားနှင့် တွင်းနက်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တောင်ကလေးကျေးရွာတွင်  ခွင့်ပြုရန်ပုံငွေ (၁၁ ဒသမ ၅)သန်းဖြင့် တွင်းနက်ပေ (၃၄၀)တစ်တွင်း တူးဖော်ပေးခြင်းနှင့် မဲသိမ်ကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေ (၈၂ ဒသမ ၁၇)သန်းဖြင့် အရှည်(၂/၀)မိုင်ရှိ ကုန်ထုတ်လမ်း တစ်လမ်း၊ ကုန်ထုတ်လမ်းပေါ်တွင် အရှည်(၁၀)ပေရှိ ကွန်ကရစ်တံတား (၂)စင်း၊ အရှည်(၂၀)ပေရှိ ကွန်ကရစ်တံတား (၂)စင်းနှင့် အရှည်(၅)ပေရှိ Box Culvert (၂)စင်းတို့အား ပြည်ထောင်စုရန်ပုံငွေ ကျပ်(၉၀ ဒသမ ၀၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း/တံတားနှင့် တွင်းနက်တူးဖော်နေမှု အခြေအနေများအား ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ဘားအံခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်တို့က ဇွန် ၇ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

mdn