လှိုင်းဘွဲ ၂၀ မတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလအတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရုံးဖုန်းနံပါတ်၊ ဝန်ထမ်းများ၏ ဖုန်းနံပါတ်များသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကူအညီ တောင်းခံ နိုင်ပါကြောင်း မြို့နယ် ဦးစီးအရာရှိ ဦးစောအောင်မျိုးမြင့်ထံမှ သိရသည်။
နွေရာသီကာလအတွင်း သောက်သုံးရေပြတ်လပ်မှုများနှင့်ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစောအောင်မျိုးမြင့်(ဝ၉-၇၈၄၁၃၄၀၄၆)၊ ဦးစောသင်းစိန် (ဝ၉-၄၀၂၂၉၂၃၂၅)၊ ဦးဇင်မင်းအောင်(ဝ၉-၇၆၈၃၄၉၉၆၀)၊ ဦးညီညီဇော် (ဝ၉-၆၉၁၆၆၉၇၅၄)၊ နန်းခိုင်ခင်ဦး (ဝ၉-၇၉၀၂၃၉၁၁၄)၊ ဦးဌေးလင်း(ဝ၉-၇၇၆၃၃၈၀၁၀) များသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း၌ ကျေးရွာအုပ်စု(၇၁)အုပ်စုနှင့်ကျေးရွာပေါင်း(၃၅၇)ရွာရှိပြီး ကျေးရွာများတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကူညီဆောင်ရွက်နေသကဲ့သို့ လှိုင်းဘွဲမြို့ပေါ်မှ မီးသတ်တပ်ဖွဲ့၊ ရေအလှူရှင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ကလည်း လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


