လှိုင်းဘွဲ ဇူလိုင် ၂၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းလာမှုကြောင့် မြေနိမ့်ပိုင်းရှိရပ်ကွက်များ နှင့် ကျေးရွာများရှိ လူနေအိမ်များအတွင်းသို့ ရေများ၀င်ရောက်မှုကြောင့် အိမ်ထောင်စုများအား ရေဘေး ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ရေဘေးရှောင်ပြည်သူများ နေထိုင် စားသောက်ရေးအဆင်ပြေစေရေးအတွက် စစ်ဗျူဟာ(အခြေချ) လှိုင်းဘွဲနှင့် တပ်ရင်းတပ်ဖွဲ့များမှ မိသားစု၀င်များက နံနက်စာအာဟာရ၊ နေ့လယ်စာ/ညနေစာ အစားအသောက်များကို ထောက်ပံ့လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် စစ်ဗျူဟာ(အခြေချ) လှိုင်းဘွဲမှ ဗိုလ်မှူးကြီးစံထူးကျော်က ရေဘေးရှောင်ပြည်သူများအား လိုက်လံကြည့်ရှု၍ အားပေးစကားများပြောကြားကာ စစ်ဗျူဟာ (လှိုင်းဘွဲ)၊ ခလရ(၂၈)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉) တပ်ရင်းတပ်ဖွဲ့မှ မိသားစု၀င်များက ရေဘေးကယ်ဆယ် ရေးစခန်း (၅)ခုရှိ လူဦးရေ (၅၀၈)ဦးနှင့် ရေဘေးကျရောက်နေသော နေအိမ်များသို့ အစားအစာများ၊ ရေသန့်ဘူးများအား ရေဘေးရှောင်ပြည်သူများထံသို့ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


