လှိုင်းဘွဲ၊ ၂၄ မေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာနှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေ ၂၄ ရက် နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရာတွင် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် တာဝန်ရှိသူများက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား ကျောင်းအပ်နှံဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် (၁)စုံ၊ ကျောင်းသုံးဗလာစာအုပ် (၆)အုပ်၊ Mask (၂)ခုနှင့် FaceShield (၁)ခုတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဇူလိုင် ၁ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


