လှိုင်းဘွဲ၊ ၂၈ ဇန်နဝါရီ
လှိုင်းဘွဲမြို့နယ်တွင် လူမှုန်ဝန်ထမ်းဦးစီးဌာမှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေး ဦးတင်ဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်နှင့်တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အနေဖြင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် သမ္ဘာန်ကျေးကျေးရွာတွင် အသက်(၈၅)နှစ်အထက် အဘိုး(၁)ဦးနှင့် အဘွား(၄)ဦး၊ နောင်သငဲ့ကျေးရွာတွင် အဘိုး(၂)ဦးနှင့်အဘွား(၄)တို့ကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လပတ်အတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


