လှိုင်းဘွဲ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက် သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော သာယာကုန်းကျေးရွာရှိ သာယာကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းက မြေပဲစိုက်အသင်းသားတောင်သူ ၅၄ ဦး စိုက်ပျိုးထားသော ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ခင်းများသို့ ကရင်ပြည်နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူးက ဆောင်းမြေပဲစိုက် အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်းထွက်ရှိအောင် မြေပဲနုတ်သိမ်းချိန်တွင် အလေအလွင့်မရှိစေရေး စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


