လှိုင်းဘွဲ၊ ၃ ဖေဖော်ဝါရီ   

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက်က ထီးဖိုးကိန်အုပ်စု ထီးဖိုးကိန်ကျေးရွာ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသားများအား လုပ်ငန်းရပ်တည် ဆောင်ရွက်သွားနိုင်သည်အထိ ဒေသခံသင်တန်းသား ၃၀ အား တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)