လှိုင်းဘွဲ ၊ နိုဝင်ဘာ ၂၃

     

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းရှိ ပန်းဝတ်မှုံပညာခန်းမ၌ လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးဌာနနှင့် လှိုင်းဘွဲမြို့နယ် RESCUE အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်သင်တန်းနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးနေလျှက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနမှ သင်တန်းနည်းပြ (၅) ဦး၊ ကရင်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ သင်တန်းနည်းပြ (၅) ဦး တို့က လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူငယ်လူရွယ်များ၊ ရွှေနတ်တောင် လူမှုကယ်ဆယ်ရေးအဖွဲ့၊ (သဒ္ဒါဖြူ) အစ္စလာမ် လူမှုကူညီရေးအသင်းတို့မှ လူငယ်သင်တန်းသား (၇၅) ဦး၊ သင်တန်းသူ (၃၅)ဦး၊ စုစုပေါင်း(၁၁၀) တို့အား အခြေခံစစ်ရေးပြဘာသာရပ်၊ လူနာသယ်ဆောင်နည်း၊ မီးသတ် နည်းပညာ၊ PPE ဝတ်စုံ ဝတ်နည်း/ချွတ်နည်း၊ ပိုးသတ်ဆေးဖြန်းနည်း၊ SWAP ယူနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး၊ သင်တန်းသား၊သင်တန်းသူများအား အမှတ်ပေးဇယားဖြင့် အရေးပေါ်လူနာများအား တစ်ယောက်သယ်နည်း စနစ်အမှန်၊ အုပ်စုဖြင့်စနစ်တကျ သယ်ဆောင်နည်းများ၊ နှလုံးနှင့်အဆုပ်ကို ပြန်လည်နှိုးဆွနည်း (CPR) များကို သင်တန်းနည်းပြများက အဖွဲ့လိုက်ယှဉ်ပြိုင်စေခဲ့ကြောင်း သိရှိရသည်။

 

လင်းသန့်(ပြန်/ဆက်)