လှိုင်းဘွဲ ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အများစုနှင့် ကျေးရွာများရှိ နေအိမ်အများစုမှာ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ပေးလျက် ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့ပေါ်ရှိ အောင်ဆန်းခန်းမ၊ ဂျာမေဗလီ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ အစိုးရမူလတန်းကြိုကျောင်း၊ ရျွေဂွန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းလေးခုတို့တွင် ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်အတွင်း ယာယီရေဘေးရှောင် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ် ဦးစီးမှူးရုံမှ လူတစ်ဦးအတွက် ခုနစ်ရက်စာ ဆန်ရိက္ခာဖိုးငွေ ၂၁၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း ၁၃၂ စု၊ လူဦးရေစုစုပေါင်း ၅၇၅ ဦးတို့အတွက် စုစုပေါင်းဆန်ရိက္ခာဖိုးငွေ ကျပ် ၁၂၀၇၅၀၀ ကို ထောက်ပံ့ပေးအပ်ပြီး အခြေချစစ်ဗျူဟာ (လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများက ထမင်းနှင့်ဟင်းများကို ချက်ပြုပ်ထောက်ပံ့ ပေးလျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)


