လှိုင်းဘွဲ   ၉    မေ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နေ့စဉ်နွေရာသီ ရောက်တိုင်း အပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေများ ရှားပါးပြတ်လတ်မှုများ ကြုံတွေ့နေရသည့် ကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာများအရောက် လိုက်လံဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ  ယမန်နေ့က ကော့ပေါကျေးရွာ ပြည်သူများထံသို့ ရေများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

20200589

 

လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးမှူး ဦးလှိုင်ထွေး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက တပ်ဖွဲ့ပိုင် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဂါလန်(၁၆၀ဝ)ကို ကျေးရွာနေ ပြည်သူများ ထံသို့ အိမ်တိုင် ရာရောက် လိုက်လံလှူးပေးခဲ့ခြင်း ဖြစ်သည်။

 

ယခု ရက်ပိုင်းတွင် လှိုင်းဘွဲမြို့နယ်အတွင်း၌  ရာသီဉတုပူပြင်းမှုကြောင့် ရေသွင်းမြောင်းများ ရေခမ်း ခြောက်ခြင်း၊ ကျေးရွာရှိရေတွင်းများ ခမ်းခြောက်လာကာ သောက်သုံးရေ အခက်အခဲများနှင့် ကြုံတွေ့ လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် ရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ရေများအား ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

9658