လှိုင်းဘွဲ ၂၃ ဇွန်  

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် လမ်း၊ တံတားများကို မြို့နယ်ကျေးလက်လမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဒေသထွက်ကုန်များ အဆင်ပြေချောမွေ့လာစေရန် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ဒေသများ၌ ကျေးရွာချင်းဆက် မြေသားလမ်းများ၊ ကတ္တရာလမ်းများ၊ ကွန်ကရစ် လမ်းခင်းခြင်းနှင့် တံတားများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၅၁၃ ဒသမ ၉၆၉ သန်းဖြင့် ပေ (၄၀)တံတား (၁)စင်း၊ ကတ္တရာလမ်း (၄)လမ်းတို့ကို လည်းကောင်း၊ ပြည်နယ် ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၃၄၆၂ ဒသမ ၄၉၃ သန်းဖြင့် (၁၀ ပေအထက် တံတား (၆)စင်း၊ ကတ္တရာလမ်း (၁၇)လမ်းတို့ကို လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)