လှိုင်းဘွဲ၊ ၂၆ ဇန်နဝါရီ
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းကစတင်၍ ကြိုတင်ကောက်ယူခြင်းများကို ရပ်ကွက်/ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလူဦးရေစာရင်းများကောက်ယူရာတွင် အမည်၊ အဖအမည်၊ မွေးသက္ကရာဇ်၊ ပြည့်ပြီးအသက်၊ ကျား/မ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ဖုန်းနံပါတ်၊ မှတ်ချက်များပါဝင်ပြီး မှတ်ချက်တွင် ဝန်ထမ်းများဖြစ်ပါက ဝန်ထမ်းဌာနအမည် ဦးစားပေးဖော်ပြရမည်ဖြစ်သည်။
Covid-19 ကာကွယ်ဆေးကို အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ထိုးနှံပေးသွားမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာ ရာအိမ်မှူးများက မိမိတို့နယ်မြေအတွင်း လူဦးရေမကျန်ရှိစေရေးအတွက် စနစ်တကျကောက်ယူပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


