mdn

လှိုင်းဘွဲ       ဩဂုတ်  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းနှင့် သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ဩဂုတ်လ(၁)ရက်နေ့မှ စတင်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ရာ ဩဂုတ်(၈)ရက်အထိ ဆေးအလုံးရေ(၂၈၅၀) ဖြင့် လူဦးရေ(၅၇၀၀) ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)