လှိုင်းဘွဲ ၇ ဇွန်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လှိုင်းဘွဲမြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့က ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာသည် လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းဖြစ်သည့် ကွမ်ဘီ-စည်းစိမ်ကုန်း ကျေးရွာ ကတ္တရာလမ်း(၁)မိုင်၊ ဝင်းစိန်- ကွမ်ဖျာကျေးရွာ ကျောက်ချောလမ်း(၁)မိုင်၊ ထီးလင်းဝင်းသာ-အထက်ရေပူး-အောက်ရေပူ ကျေးရွာ ကတ္တရာလမ်း(၁)မိုင်၊ ဒိုင်းပြကုန်း-အုန်းတပင်ကျေးရွာ မြေသာလမ်း(၂)မိုင်၊ ကြာအင်းတံတားနှင့် လှိုင်းဘွဲတံတားမြေထိန်းနံရံ တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လုပ်ငန်း အရည်အသွေး ကောင်းမွန်ရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီ ပြီးစီးရေး တို့ကို လမ်ညွှန်မှာကြားခဲ့သည်။

 

တည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာသို့ ကရင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးစောပြည်သာ၊ လွှတ်တော်ရေးရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစောဖိုးမြင့်၊ လှိုင်းဘွဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ပြည်နယ် ကျေးလက်လမ်း ပြည်နယ်ဦးစီးမှူး ဦးအောင်နိုင်ထွန်းတို့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

mdn