လှိုင်းဘွဲ  ၃၀  အောက်တိုဘာ

 

လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများအတွက် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုတိကျသော အချက်အလက်များ ရရှိစေရန် ရည်ရွယ်၍ ကျေးလက်ရေပေးရေးဆိုင်ရာအချက်အလက်များ(AWSMIS Application) အသုံးပြု ကောက်ယူခြင်းနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၉နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

 

1

 

အဆိုပါ အခမ်းအနားကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးစောအောင်မျိုးမြင့်က သင်တန်းသားသင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးပါက တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်ညှိနှိုင်းကာ မြို့နယ်အတွင်းရှိ ကိုယ်တာဝန်ကျရာ ကျေးရွာများ၌ ရေပေးရေးဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ကောက်ယူရမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများအတွက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းစနစ်များကို အသုံးပြု၍ ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းမှ ပို့ချသည့်ဘာသာရပ်များကို သေချာလေ့လာ သင်ယူမှတ်သားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများ သင်တန်းသား သင်တန်းသူ (၄၂)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ပြီး စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခင်စန်းမြင့်ပြန်/ဆက်