လှိုင်းဘွဲ   ၃၁  ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်ရှိ မဲဆန္ဒနယ်မြေ များတွင် ဆန္ဒမဲစာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လှိုင်းဘွဲမြို့ပေါ် (၄)ရပ်ကွက်နှင့် ပိုင်ကျုံမြို့ မဲဆန္ဒနယ်မြေများရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေ၊ မဲဆန္ဒရှင်စာရင်းများ သတ်မှတ်ထားသည့် ပုံစံအတိုင်း စနစ်တကျ ရေးသွင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် လာရောက်လျှောက်ထားမှုအခြေအနေ၊ ဖြည့်စွက်ဆောင်ရွက်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)