လှိုင်းဘွဲ ၊ ၈ ဒီဇင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်လာပြီးဖြစ်၍ မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးလှိုင်ထွေးနှင့်ဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ ရပ်ကွက် တာဝန်ရှိသူများက စည်ပင်သာယာ မြို့မဈေး၊ စက်သုံးဆီအရောင်းဆိုင်များနှင့် GAS (ဂတ်စ်)အရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မီးသုံးစွဲမှုအခြေအနေနှင့် မီးသတ်ဆေးဘူးထားရှိမှု၊ မတော်တဆဖြစ်ပွားလေ့ရှိသည့် မီးဘေးအန္တရာယ်နှင့် လျှပ်စစ်ဝါယာရှော့မှ တစ်ဆင့် ဖြစ်ပွားတတ်သည့် မီးဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်မီ ငြိမ်းသတ်နိုင်ရန် စီစဉ်ထားရှိမှု အခြေအနေ၊ အရေးပေါ်အခြေအနေတွင် ရေအလုံအလောက်ရရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သတ်မှတ်ချက်နှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)