လှိုင်းဘွဲ   ၃၀   ဇူလိုင်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဉဒေါင်းကျေးရွာတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ပြောင်းစိုက်ပျိုးရာမှာ တစ်ကျင်းနှင့် တစ်ကျင်း ()ပေအကွာ၊ တစ်တန်းနှင့်တစ်တန်း ()ပေအကွာ တစ်ကျင်းလျှင် (/)စေ့ထည့်၍ စိုက်ပျိုးပါတယ်၊ စိုက်ရက် (၁၅)ရက်ကြာတွင် နွားချေး(သို့မဟုတ်) ပုလဲမြေဩဇာ အမျိုးမျိုး အသုံးပြုနိုင်ပါတယ်၊ ()လအကြာတွင် အဖူးထွက်၍ ()လအကြာတွင် ဆွတ်ခူးနိုင်တယ်၊ အပင်တစ်ပင်လျှင် ငါးဖူးအထိ ထွက်ရှိပြီး တစ်ဖူးလျှင် (၂၀၀)ကျပ်နှုန်းရရှိပြီး တစ်ဧကဝန်းကျင်စိုက်ပျိုး၍ တစ်နှစ်လျှင် အမြတ်ဝင်ငွေ လေးသိန်းနီးပါးရရှိကြောင်း တောင်သူ ဦးလှဝင်းထံမှ သိရသည်။

 

ပြောင်းစိုက်ပျိုးရာတွင် ဒေသနှင့်သင့်လျှော်သော မြေနေရာများ ရွေးချယ်စိုက်ပျိုး၍ မြေဩဇာကောင်းသော နုန်းမြေ၊ နုန်းမြေစေး၊ သဲနုန်းမြေတို့နှင့် ရေဝပ်ခြင်းမရှိ မြေဆီလွှာနက်သော မြေမျိုးတို့တွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)