လှိုင်းဘွဲ     စက်တင်ဘာ  ၁၃

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်သောပန်းခင်းစီမံချက်နိုင်ငံသားစိစစ်ရေးကတ်ပြား လူတိုင်းကိုင်ဆောင်နိုင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့်လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့အသိပညာပေး ဆိုင်းဘုတ်ကို ယမန်နေ့က လူသွားလူလာများသော စည်ပင်သာယာမြို့မဈေးရှေ့နှင့် မြို့နယ်လဝကဦးစီးမှူး ရုံးရှေ့တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

 

ထို့သို့ အသိပညာပေးဆိုင်းဘုတ် စိုက်ထူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးနှင့်ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ရဲမှူးဆန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး အဆိုပါဆိုင်းဘုတ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ခေါင်းစဉ်ဖြင့် ကရင်ပြည်နယ်အတွင်းရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအား ဉပဒေအရ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားအမျိုးမျိုးကို ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်မည့် ပြည်သူများအနေဖြင့် မြို့နယ်လဝကရုံးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုး ဆော်ခြင်း၊လူမှုဘဝပြည့်စုံဖို့ ပန်းခင်းလမ်းလျှောက်ကြစို့ဆိုင်းဘုတ်ဖြင့် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)