လှိုင်းဘွဲ ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အလှူရှင်များက ရေကြီးနစ်မြုပ်နေ၍ ပြောင်းရွှေ့နေထိုင်နိုင်ခြင်းမရှိသေးသော အိမ်ထောင်စုများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် (ဃ)ရပ်ကွက်တွင် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လိုက်လံထောက်ပံ့ပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးလှိုင်ထွေး၊ ကြက်ခြေနီတပ်ဖွဲ့ နှင့် (ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးတို့က (ဃ)ရပ်ကွက်အတွင်း ရေကြီးနစ်မြုပ်နေ၍ ပြောင်းရွှေ့နေထိုင်နိုင်ခြင်းမရှိသေးသော အိမ်ထောင်စုများအား စားဝတ်နေရေး အခက်အခဲများ မရှိစေရန်အတွက် ဆန်၊ ကြက်ဉ၊ ငါးခြောက်၊ မာမားခြောက်ဗူးနှင့် မာမားထုပ်တို့ကို လိုက်လံ၍ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခြေချ စစ်ဗျူဟာမှူး(လှိုင်းဘွဲ)တို့က ကူညီထောက်ပံ့ပေးလျက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


