လှိုင်းဘွဲ အောက်တိုဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ထိခိုက်ဒါဏ်ရာရ ရှေးဦးပြုစုခြင်း( Trauma First Aid Training)ကို ယမန်နေ့က လှိုင်းဘွဲမြို့နယ်ကြက်ခြေနီ အသင်းရုံးခွဲရုံး၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် လှိုင်းဘွဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်၊ ဒုတပ်ဖွဲ့မှူးဒေါ်အိအိဖြူတို့က သင်တန်းသူ/သား (၂၂)ဦးဖြင့် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများ၊ ကိုဗစ်-၁၉ရောဂါနှင့်ဆက်စပ်သော ရှေးဦးပြုစုခြင်း၊ MRE မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ဒဏ်ရာပတ်တီးစည်းနည်းနှင့် ရှေးဦးပြုစုမည့်သူ လိုက်နာရမည့်အချက်များ စသည့် ဘာသာရပ်များကို (၃)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)