လှိုင်းဘွဲ  ၃၀  အောက်တိုဘာ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုင်ဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ရက်များတွင် ကြိုတင်မဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရှင် ပြည်သူများ၊ Quaratine Center များတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသည့် မဲဆန္ဒရှင် ပြည်သူများ၊ အသက်(၆၀)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးမဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့က စတင်၍ သတ်မှတ်နေရာများအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်း များကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူများကို မဲရုံပြင်ပ ကြီးကြပ်ရေး တာဝန်ထမ်းဆောင်နေသူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်များသန့်စင်ပေးခြင်း၊ နှာခေါင်းစည်းများ ထုတ်ပေးခြင်း၊ မဲရုံမှူးများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ လက်မှတ်ရေးထိုး စေခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များ အချိန်ကြန့်ကြာမှု မရှိစေရေးတို့အတွက် ကူညီဆောင်ရွက် ပေးကြသည်။

 

လှိုင်းဘွဲမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု(၈၅)အုပ်စုတွင် မဲရုံပေါင်း(၁၇၆)ရုံရှိပြီး မဲဆန္ဒရှင် စုစုပေါင်း (၂၃၉၉၈၀)ဦးရှိကာ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၃)အုပ်စု မဲဆန္ဒနယ်အမှတ်(၁)တွင် အသက်(၆၀)နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင် (၁၃၃၅၅)ဦးနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၅၂)အုပ်စု မဲဆန္ဒနယ်အမှတ်(၂)တွင် အသက်(၆၀)နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်(၁၂၅၆၆)ဦး စုစုပေါင်း(၂၅၉၂၁)ဦး ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)

 

viber_image_202