လှိုင်းဘွဲ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ကမ်းပါး ပြိုပျက်စီးဆုံးရှုံးခဲ့သည့် ရွှေဂွန်းကျေးရွာမှ အိမ်ထောင်စု(၈)စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ရွှေဂွန်းကျေးရွာ စံပြအေးရပ်ကွက်နှင့် ရွာသစ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု(၈)စု၊ လူဦးရေ (၅၇)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ(၁၀)သိန်း၊ ဆန်ရိက္ခာ (၇)ရက်စာအတွက် ထောက်ပံ့ငွေ (၁၁၉၇၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၁၁၁၉၇၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီတို့က ကမ်းပါးပြိုဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်( ပြန်/ဆက်)


