လှိုင်းဘွဲ ၂၂ မတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးသိန်းကိုကို၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ဦးသက်ခိုင်၊ မြို့နယ်တရားသူကြီး ဒေါ်ခိုင်ဇင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးသိန်းကိုကိုက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ ရုံးဖွင့်လှစ်ခြင်းအားဖြင့် ပြစ်မှု တစ်ခုခုဖြင့် စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်း ခံစားရသူများအနက်မှ ဆင်းရဲနွမ်းပါးသူများ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ ဒုက္ခသည်များ၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများ၊ ထူးခြားသည့်အကြောင်းကြောင်း ကြောင့် အကူအညီတောင်းခံလာသည့် ပြစ်မှုအတွက် သက်သေများ စသည့်တို့အတွက် ဥပဒေဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


