လှိုင်းဘွဲ  ဇူလိုင် ၁၄

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် Box Culvert တံတား(၁၂)စင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

လှိုင်းဘွဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည် စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီ ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်း Box Culvert တံတား အလျား ၂၆ ပေ၊ အနံ ၂ ဒမ ၉ ပေ၊ အနက် ပေရှိ တံတား စင်း၊ အလျား ၂၂ ပေ၊ အနံ ၂ ဒမ ၉ ပေ၊ အနက် ပေရှိ တံတား စင်း၊ အလျား ၂၀ ပေ၊ အနံ ၂ ဒမ ၉ ပေ၊ အနက် ပေရှိ တံတား စင်း စုစုပေါင်း Box Culvert တံတား (၁၂)စင်းအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံဖြင့် တည်ဆောက်ပေးနေလျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)