လှိုင်းဘွဲ့   ၂၆  နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၌ မြို့နယ်အဆင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အမှာစကားပြောကြားပြီး မြို့နယ် နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နူးနူးအောင်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှုဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တရားလွှတ်တော်ရှေ့နေ ဒေါ်နော်လှမျိုးစုက အမျိုးသမီးများနှင့် ပတ်သက်၍ ကာကွယ်ပေးထားသော ဥပဒေများအကြောင်း ဆွေးနွေးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင် မျိုးမြင့်က လူထုဗဟိုပြုစီမံကိန်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှုနှင့် ပတ်သက်သော အမေးအဖြေကဏ္ဍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)