လှိုင်းဘွဲ  ၂၁  ဇန်နဝါရီ

 

အမျိုးသမီးများပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ တော်ဝင်သဇင်အမျိုးသမီးများအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်နှင့် လူထုဗဟိုပြုစီမံကိန်း ကျား/မရေးရာဌာနမှ ဦးစီးအရာရှိ ဒေါက်တာညွန်းသွဲ့သွဲ့နိုင်တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

 

အခမ်းအနားကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ တော်ဝင်သဇင် အမျိုးသမီးအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စု ၇၁ အုပ်စုမှ အမျိုးသမီးကိုယ်စားလှယ်များ စုစုပေါင်း ၁၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)