လှိုင်းဘွဲ ၁၅ ဇွန်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် Save the Children အပြည်ပြည်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းတို့မှ ပူးပေါင်း၍ ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း နှင့် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာခိုင်စန္ဒာအောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Save the Children မှ အကြီးတန်း စီမံချက် မန်နေဂျာ ဒေါက်တာလှိုင်းဝေအောင်နှင့် လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန် ဒေါက်တာဟိန်းမင်းကျော်တို့က လှိုင်းဘွဲမြို့နယ်၏ ငှက်ဖျားရောဂါအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အခမ်းအနား တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး လှိုင်းဘွဲမြို့နယ်ပြည်သူ့ကျန်မာရေးဦးစီး ဌာနမှူး ဒေါက်တာဝင်းဇော်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)