လှိုင်းဘွဲ   ၂၂  အောက်တိုဘာ

 

မူကြိုကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှု မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်  ရည်ရွယ်၍ ကလေးများအတွက် ပျော်ရွှင်စရာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၂)ဦး ပါဝင်ခဲ့ကြကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)