လွိုင်ကော်         အောက်တိုဘာ         ၁၅

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားပြီး ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း ရာသီဥတုနှင့် သဘာဝ ဘေးများကြောင့် ပြုပြင်မွမ်းမံရန် လိုအပ်နေသောနေရာများ၊ အကာအရံ အုတ်တံတိုင်းများ၊ ကြွေပြားခင်း လျှောက်လမ်းနေရာများ ပြုပြင်မွမ်းမံနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရေရှည်ကိုမျှော်မှန်း၍ ပြုပြင်မွမ်းမံ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)