လွိုင်ကော် ဖေဖော်ဝါရီ ၂၂

 

ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါတမ ရပ်ကွက် ဗဟိုတပ်ဦးကျောင်း၌ တည်ထားကိုးကွယ် တော်မူသည့် လောကမာရ်အောင် ချမ်းသာကြီးစေတီတော်မြတ် ထီးတော်တင်လှူခြင်း၊ ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် လှူပူဇော်ခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗဟိုတပ်ဦးကျောင်း၌ ကျင်းပသည်။

 

တက်ရောက်

 

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် အရှင်သူမြတ်များထံ စိန်ဖူးတော်၊ ငှက်မြတ်နား တော်၊ ကြာဖူးတော်အစုံနှင့် ထီးတော်တို့ကို ဆက်ကပ် လှူဒါန်းပူဇော်ကြကာ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။

 

ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာပန်းရထား ပေါ်သို့တင်လှူပြီး ဗဟိုတပ်ဦးကျောင်း ဆရာတော် ဘဒ္ဒန္တပညာနန္ဒ ဦးဆောင်၍ ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အလှူရှင်တို့ က စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့ကို တစ်ရစ်ချင်း စေတီထက်သို့ တင်လှူပူဇော်ကြသည်။

 

ယင်းနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များက လောကမာရ်အောင်ချမ်းသာကြီး စေတီတော်မြတ်ကြီးကို ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)