လွိုင်ကော် ၂၆  နိုဝင်ဘာ

 

ကယားပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကော်မတီမှ ကြီးမှူးကျင်းပ၍ ဒီဇင်ဘာ(၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၂) အခြေခံ အထက်တန်းကျောင်း၊ သစ္စာဆောင်၌ ကျင်းပပြုလုပ်သည်။

 

 အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းဆင့်ကို “ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး မသန်စွမ်း သူများကိုလည်း ဆောင်ရွက်ခွင့်ပေး ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူ ၅၀၊ အလယ်တန်းအဆင့်ကို “တန်းတူ အခွင့်အရေး ရရှိရေး အတားအဆီးများဖယ်ရှားပေး” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူ (၅၂) ဦး၊ မူလတန်းအဆင့်ကို “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူ (၂၇) ဦး စုစုပေါင်း (၁၂၉) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

 

 ပြိုင်ပွဲတွင် ဆုရရှိသူများကို ဒီဇင်ဘာ (၃) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မသန်းစွမ်းသူများနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

 

လွိုင်ကော်သား