နေပြည်တော်  ၁၃  နိုဝင်ဘာ 

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (လွိုင်ကော်ရုံးခွဲ)၏ စီစဉ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအား အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ)သင်တန်း အမှတ်စဉ် (၄၀/၂၀၁၈) သင်တန်းဖွင့်ပွဲအား နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီတွင်  ကယားပြည်နယ်  လွိုင်ကော်မြို့  လွိုင်ကော်တက္ကသိုလ် (ကိန္ဒရာခန်းမ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားကို ကယားပြည်နယ်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လွိုင်ကော်ရုံးခွဲတာဝန်ခံ ဦးလင်းဇော်ထွဋ်နှင့် တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် သင်တန်းသား၊ သင်တန်းသူ ၁၂၀ တက်ရောက်ခဲ့ကြပြီး နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

MDN