လွိုင်ကော် ဇွန် ၁၅
ကယားပြည်နယ်အတွင်းရှိ ကျောင်းပြင်ပရောက်ကလေးများ အတန်းကူးပြောင်း တက်ရောက်နိုင်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲ Placement Test (အထူးအစီအစဉ်) များကို စာစစ်ဌာနငါးခုခွဲ၍ ကျင်းပရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် လွိုင်ကော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ထေးသမရပ်ကွက်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့တွင် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) သို့ တက်ရောက်၍ အမှာစကားပြောကြားပြီး တာဝန်ရှိသူများ၏ ကဏ္ဍအလိုက် တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


