လွိုင်ကော်  ၁၁  မေ    

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မေ  ၁၀ ရက် ညနေ ၅ နာရီက မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ် မှုကြောင့် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက် (၁၁) လမ်းနှင့် သီရိဒေါလမ်းမပေါ်တွင် ယူကလစ် သစ်ပင်လဲကျခြင်းကြောင့် ဆက်သွယ်ရေးတိုင်ကျိုးခြင်း၊ ကန္ဒရဝတီလမ်းဘေးရှိ လုံးပတ်(၂)ပေခွဲခန့်ရှိ မယ်ဇလီပင် အမြစ်ကျွတ်ပြီး လမ်းမပေါ်သို့လဲကျကြောင်း သိရသည်။

 

02369

 

အဆိုပါ သစ်ပင်လဲကျခြင်းကြောင့် လမ်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်မှုမရှိအောင် လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲမြင့်အောင်ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ တပ်မတော်သားများ၊  မြို့နယ်စည်ပင်သာယာရေးမှ မော်တော်ယာဉ် (၂)စီး၊ နောင်ယား (က) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်လင်းနှင့် လူငယ်အဖွဲ့များ ဒေသခံပြည်သူများ ၊ လူမှုရေးအသင်းအဖွဲ့များက ချိန်းဇော (၃)လုံးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ လေပြင်း တိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

 

202020202

 

အလားတူ လွိုင်ကော်မြို့ ဒေါမူကလားကျေးရွာနှင့် ထေးသမကျေးရွာတို့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်  နေအိမ်(၁၅)လုံးခန့်နှင့် စာသင်ကျောင်း(၁)ကျောင်းတို့မှာ ခေါင်မိုးများ အမိုးလှန်ခြင်း ၊ အုတ်နံရံများ ပြိုကျပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုစိုင်း (လွိုင်ကော်)

 

26