လွိုင်ကော် ၇ ဇွန်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လစဉ်ပုံမှန်အစည်းအဝေးကို ကယားပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

 

mdn

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက အဖွင့်အမှာ စကားပြောကြားပြီး တရားဥပဒေ စိုးမိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်သော ဌာနဆိုင်ရာများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို အသီးသီးဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ထို့နောက် ပြည်သူများအား ဥပဒေအသိပညာပေး ဟောပြောပွဲကို ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့၌် ဇွန်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

 

mdn

 

အဆိုပါ အစည်းအဝေး အခမ်းအနားသို့ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ပြည်နယ် တရားရေး ဦးစီးမှူး၊ ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ် (၂)ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

လွိုင်ကော်သား