လွိုင်ကော် ၂၇ ဖေဖော်ဝါရီ
ပြည်သူများ အသိပညာဗဟုသုတတိုးပွားပြီး ဆွေးနွေးပွဲများတွင် ကိုယ်တိုင်ပါဝင် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော “ပြည်သူနှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဦးဆောင်ဆွေးနွေးသူများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုထွေး၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံပယ်ထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားဆရာဝန် ဒေါက်တာဟန်ရဲဇော်၊ ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြို့ရီတို့က ဝူဟန်ဗိုင်းရပ်စ် ရောဂါလက္ခဏာများ၊ ဆောင်ရန် ရှောင်ရန် အကြောင်းအရာများအား လည်းကောင်း၊ သွားကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား လည်းကောင်း၊ အစာအာဟာရ အုပ်စု(၃)မျိုးနှင့် ပတ်သက်သည့် အကြောင်းအရာများအား လည်းကောင်း၊ တိုင်းရင်းဆေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများအား လည်းကောင်း၊ စားသုံးသူများ သိသင့်သိထိုက်သည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ အကြောင်းအရာများအားလည်ကောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည့်အ ကြောင်းအရာများကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ YLFC သင်တန်းကျောင်းနှင့် Wisdom World သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ထွန်းလေး(ပြန်/ဆက်)


