လွိုင်ကော် ၁၁ အောက်တိုဘာ
WINNER Economic Enterprise Service Co.Ltdမှ ကြီးမှူးကျင်းပသော သီတင်းကျွတ်ဈေးရောင်းပွဲတော်ဖွင့်ပွဲ Loikaw Trade Fair ကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ် လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပသည်။
ဈေးရောင်းပွဲတော်ဖွင့်ပွဲတွင် ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်သူ၊ ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာသန်းအေးနှင့် WINNER Co,Ltd ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးညွန့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသော ကုန်ပစ္စည်းများအား လည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါဈေးပွဲတော်၌ လူသုံးအလှကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ မြန်မာ့ပယင်းလက်ဝတ်ရတနာများ၊ အိမ်သုံးပစ္စည်းများ နှင့် အဝတ်အထည်များကို ရောင်းချပေးလျက်ရှိပြီး ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်(ပြန်/ဆက်)


